Animals Project Showcase

ကျွန်တော်တို့ Inspired World American Schoolမှ သက်ရှိလူသားများနှင့် မတူ ခြားနားသော တိရိစ္ဆာန်များ၏ သဘာ၀အားဖြင့် ရှင်သန်နေထိုင်မှုကို လေ့လာ စူစမ်းပြီး မျှ၀ေထားသော ကျောင်းသူကျောင်းသားများ၏ Project-Based Learning မှတစ်ဆင့် သင်ယူလေ့လာမှုများကို ဒီ video လေးမှတစ်ဆင့် စိတ်၀င်စားဖွယ် ဖော်လိုက်ပေးလိုက်ရပါတယ် ကျောင်းသားကျောင်းသူများကို လူသားများနှင့်အတူတကွ နေထိုင်နေသော သက်ရှိများ၏ ဘ၀များကို လေးစားချစ်ခင်မှု ရှိစေရန် နှင့် သက်ရှိများအားလုံး၏ မှီခိုနေထိုင်ရာ ကမ္ဘာကြီးကို မပျက်စီးစေရန် ထိန်းသိမ်းဆောင်ရွက်ရန် တာ၀န်ရှိပုံများကို ဆရာ၊ ဆရာမများနှင့် ဆွေးနွေးဖလှယ်ခြင်းဖြင့် သင်ကြားနားလည်စေခဲ့ပါတယ် ယခု video လေးကို ကြည့်ရှုခြင်းကနေ • ကျောင်းသူကျောင်းသားများ၏ မိမိတို့လေ့လာသည့် အကြောင်းအရာပေါ်တွင် သိလိုစိတ်ပြင်းပြမှု (Curiosity) နှင့် • ကျိုးကြောင်းဆက်စပ်သော […]

𝗖𝗲𝗹𝗲𝗯𝗿𝗮𝘁𝗶𝗻𝗴 𝗗𝗶𝘃𝗲𝗿𝘀𝗶𝘁𝘆 𝗮𝗻𝗱 𝗨𝗻𝗶𝘁𝘆

ကမ္ဘာကြီးရဲ့ မတူညီသော နေရာဒေသများမှ ကျောင်းသားကျောင်းသူများနှင့် ဆရာများ အတူတကွ Inspire World American School တွင် ပညာလေ့လာသင်ယူနေခြင်းသည် စည်းလုံးညီညွတ်မှုတစ်ရပ်ကို ခိုင်မာစွာ လှစ်ပာဖော်ပြနေသကဲ့သို့ဖြစ်ပါသည်။ အလွန်လှပသော အရောင်အသွေးစုံလင်သော ပန်းများဖူးပွင့်နေသော ပန်းခြံလေးကဲ့သို့ Inspire World American School သည် ကျောင်းသားကျောင်းသူလေးများ၏ မတူကွဲပြားသော အရည်အချင်းများကို ပြုစုပျိုး‌ထောင်ပေးလျက်ရှိသော ကျောင်းရပ်ဝန်းလေးတစ်ခုဖြစ်ပါသည်။ ….. ပညာသင်ကြားလေ့လာမှုများ၊ နေ့စဥ်လှုပ်ရှားမှုများ၊ အသိပညာဗဟုသုတများကို မျှဝေခြင်းမှတစ်ဆင့် တစ်ဦးနှင့်တစ်ဦးလေးစားချစ်ခင်ပြီး နားလည်မှုများဖြင့် ညီညွတ်စွာ သင်ယူစေသော ပတ်ဝန်းကျင်တစ်ခုအဖြစ် Inspire World American School မှ ပုံဖော်သင်ကြားပေးလျက်ရှိပါသည်။ ကျောင်းသား၊ကျောင်းသူများ အချင်းချင်းမှ တစ်ဦးပေါ်တစ်ဦး ဖေးမကူညီပြီး မတူညီသော အသိုင်းအဝိုင်းအခြေအနေများကို ညီညွတ်စွာ ထိန်းကျောင်းပြုပြင်၍ အတူတကွ တိုးတက်ကောင်းမွန်အောင် […]