Introducing The Hungry Caterpillar

Inspire World American School မှာ အသစ်စက်စက် “The Hungry Caterpillar” ဆိုတဲ့ ဥယျာဥ်လေးကို ဖွင့်လိုက်ပါပြီ။ ကျောင်းသားလေးတွေ သဘာဝနဲ့ ထိတွေ့ဆက်ဆံပြီး စူးစမ်းလေ့လာစိတ်ကို ပျိုးထောင်နိုင်မယ့် ဒီ စာသင်ခန်းပြင်ပ သင်ယူမှု နေရာလေးကို မိတ်ဆက်ပေးရတာ အရမ်းကို စိတ်လှုပ်ရှားရပါတယ်။ 🌱 “The Hungry Caterpillar” ဥယျာဥ်လေးကနေ ဘယ်လို အကျိုးကျေးဇူးတွေရလာမလဲ? 🌱သင်ယူမှုကို မြှင့်တင်ပေးမယ် – ဒီဥယျာဥ်ကျောင်းခန်းလေးမှာ အပင်လေးတွေ၊ ဂေဟစနစ်နဲ့ ရေရှည်တည်တံ့မှုအကြောင်း လက်တွေ့ကျကျ သင်ယူနိုင်မှာပါ။ ဥယျာဉ်စိုက်ပျိုးရေးလုပ်ငန်းတွေကနေ ဇီဝဗေဒ၊ သိပ္ပံနဲ့ သင်္ချာဘာသာရပ်တွေကိုပါ ပျော်စရာကောင်းကောင်း သင်ယူနိုင်မှာပါ။ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အလေ့အထတွေ မြှင့်တင်ပေးမယ် – ဥယျာဉ်စိုက်ပျိုးရေးလုပ်တာက ကျောင်းသားလေးတွေကို ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာတွေ […]