Benefit of Students Art and Creative Classroom Activity

Inspire World American School ၏ အနုပညာ classroom activity သည် လန်းဆန်းတက်ကြွပြီး သေသပ်လှပသော ကျောင်းသားများ၏ ပန်းချီလက်ရာများ၊ ဒရာမာ နှင့်ဂီတစွမ်းရည်များ တိုးတက်လာအောင် လေ့ကျင့်သင်ကြားပေးသည့် activity တစ်ခုဖြစ်ပါသည်။

ယခုကဲသို့ လေ့ကျင့်ပေးခြင်းအားဖြင့် ကျောင်းသားများ ရရှိလာမည့်အကျိုးကျေးဇူးများကတော့ …..

ဖန်တီးနိုင်မှုမြင့်မားလာခြင်း

ပန်းချီဆွဲခြင်းဖြင့် ကျောင်းသားများ၏ မသိစိတ်ထဲတွင် ကိန်းအောင်းနေသော စိတ်ကူးစိတ်သန်းအသစ်များကို ပုံဖော်ဖန်တီးပေးနိုင်သလို တီထွင်ဖန်တီးနိုင်စွမ်းအားကိုလည်း ဖော်ထုတ်မြင့်တင်ပေးနိုင်မှာဖြစ်ပါသည်။

အာရုံစူးစိုက်မှုအားကောင်းလာခြင်း

ပန်းချီဆွဲခြင်းသည် ကျောင်းသား၏ စိတ်အာရုံမပျံ့လွင့်စေဘဲ မိမိဆွဲနေသည့် ပန်းချီအပေါ်မှာပင် အာရုံစိုက်နေရသည့်အတွက် အာရုံစူးစိုက်မှုအားကောင်းလာစေပါသည်။ အာရုံစူးစိုက်မှုအားကောင်းလာခြင်းသည် ပန်းချီဆွဲရာတွင်သာမက စာပေလေ့လာရာ၌လည်း အကျိုးသက်ရောက်မှုအများကြီးရရှိစေမှာဖြစ်ပါသည်။

လှုပ်ရှားမှုဖြင့် ကျန်းမာရေးအထောက်အကူပြုခြင်း

တူရိယာသံစဥ်တစ်မျိုးမျိုးကို တီးခတ်စေခြင်း၊ စုတ်တံကိုအသုံးပြုပြီး ပန်းချီဆွဲစေခြင်း၊ color paper များအသုံးပြု၍ ပုံဖော်ဖန်တီးစေခြင်း စသောနည်းလမ်းများသည် ကျောင်းသားများ၏ လက်ချောင်းကြွက်သားများ လှုပ်ရှားမှုကို ရရှိစေမှာဖြစ်သလို ဦးနှောက်အာရုံကြော နှင့် ခန္ဓာကိုယ်ကျန်းမာကြံ့ခိုင်ဖွံ့ဖြိုးမှုတွင်လည်းများစွာ အထောက်အကူပြုပါသည်။

သရုပ်ဆောင်(drama)ခြင်းအနုပညာလေ့ကျင့်စေခြင်းဖြင့် နှုတ်မှုစွမ်းရည်တိုးတက်လာခြင်း

ကျောင်းသားများကို သရုပ်ဆောင်ခြင်းအနုပညာလေ့ကျင့်ပေးရခြင်းသည် တစ်ဦးချင်းစီ၏ ကိုယ်ရည်ကိုယ်သွေးများ၊ ထူးခြားချက်များ၊ မျှော်မှန်းချက်များကို သိမြင်လာစေနိုင်ပါသည်။ ထို့အပြင် အခြားသူများ၏ ထင်မြင်ယူဆချက်များ၊ အသင်းအဖွဲ့၏ချမှတ်ထားသော စည်းကမ်းများကို စနစ်တကျလိုက်နာဆောင်ရွက်နိုင်ပါသည်။ သရုပ်ဆောင်ရာတွင် နှုတ်မှုစွမ်းရည်ကိုအသုံးပြုရသည့်အတွက် စကားပြောစွမ်းရည်နှင့် ပေါင်းသင်းဆက်ဆံရေး စွမ်းရည်များတိုးတက်လာမှာဖြစ်ပါသည်။

စိတ်ဖိစီးမှုများလျော့ကျစေခြင်း

စိတ်ဖိစီးမှုဆိုတာ လူကြီးတွင်သာမက ကျောင်းသားလူငယ်များတွင်လည်း ကျောင်းသားများ၏ အရွယ်အလိုက် ဘက်ပေါင်းစုံမှ စိတ်ဖိစီးမှုများရှိကြပါသည်။ ထို့ကြောင့် Inspire World American School တွင် ကျောင်းသားများအား စိတ်ဖိစီးမှုလျော့စေပြီး ကျောင်းသင်ခန်းစာများကို လန်းဆန်းတက်ကြွစွာ လေ့လာနိုင်ရန်အတွက် အနုပညာဖန်တီးစေခြင်းဖြင့် ပြုလုပ်ဆောင်ရွက်ပေးလျက်ရှိပါသည်။

ကမ္ဘာ့အဆင့်မှီနည်းပညာရပ်များနှင့်အတူ ထူးချွန်ထက်မြတ်ပြီး လှပသော အနာဂတ်ကမ္ဘာကြီးကို ဆန်းသစ်အနုပညာများဖြင့် ဆေးရောင်ချယ်နိုင်သည့် ကျောင်းသားလူငယ်များ၏ဝါသနာများကို Inspire World American School ရှိ နိုင်ငံတကာထိပ်တန်းပညာရပ်များဖြင့် ပုံဖော်ဖန်တီးပေးလိုက်ပါ…

အသေးစိတ်သိရှိလိုပါက Inspire World American School Messenger Chat Bot သို့မဟုတ် ကျောင်းသို့ ကိုယ်တိုင်လာရောက်လေ့လာစုံစမ်းနိုင်ပါသည်။…

ဆက်သွယ်ရန်

Phone – 09761230590

Address – 102A, Between 66th Street * 67th Street, Mandalay, Myanmar