IWAS Mini Olympic Day

ကျွန်တော်တို့ Inspire World American School ရဲ့ Mini Olympic Day လေးကို Theme Day ဖြစ်သည့် ပြီးခဲ့သော သောကြာနေ့လေးမှာ Weekly Activity အနေနဲ့ အိုလံပစ် နည်းစနစ် များအတိုင်း ကျောင်းသူကျောင်သားလေးများ အတူတကွ ပျော်ရွှင်စွာ ပါ၀င်နွှဲပျော်ခဲ့ ကြပါတယ်

🏃‍♂️🏃‍♀️ ကျောင်းမှ သတ်မှတ်ပေးထားသောစည်းကမ်းနှင့် ညီတဲ့ အားကစား ၀တ်စုံလေးတွေ ၀တ်ဆင်ပြီး ပြိုင်ပွဲတွေ တက်ကြွစွာ ယှဥ်ပြိုင်ခဲ့ ကြပါတယ်။ ကျောင်းအားကစားကွင်းလည်း အသင်းအဖွဲ့ စိတ်ဓာတ်အပြည့်နဲ့ ယှဥ်ပြိုင်နေကြတဲ့ ကျောင်းသူကျောင်းသားလေးများကို အားပေးဂုဏ်ပြုကြတဲ့ အသံတွေနဲ့ လှုပ်ရှားသက်၀င်သွားတဲ့နေ့လေးတစ်နေ့ ဖြစ်ခဲ့ပါတယ်

ဒီပွဲလေးဟာ ကလေးတွေကို ကမ္ဘာကျော် အိုလံပစ်ပြိုင်ပွဲကြီးရဲ့ အားကစားစိတ်ဓာတ်၊ ယှဉ်ပြိုင်မှု၊ ချစ်ကြည်ရင်းနှီးမှုတွေနဲ့ ပိုမို ရင်းနှီးလာစေဖို့ ရည်ရွယ်ပြီး ကျင်းပခဲ့ခြင်းဖြစ်ပါတယ်

🏆🏅 ပြိုင်ပွဲတွေရဲ့ ရလဒ်ထက် အရေးကြီးတာက ကလေးတွေရဲ့ မျက်နှာပေါ်က အပြုံးတွေ၊ အတူတူ ပါ၀င်ယှဥ်ပြိုင်ခဲ့ကြပြီး ပျော်ရွှင်ခဲ့ကြတဲ့ အချိန်လေးတွေပဲဖြစ်ပါတယ်

🙏 ဒီလို ပျော်ရွှင်ဖွယ် အားကစားနေ့လေးကို အောင်မြင်စွာ ကျင်းပနိုင်ဖို့ ကူညီပံ့ပိုးပေးခဲ့ကြတဲ့ ဆရာ/ဆရာမများ၊ ဝန်ထမ်းများ၊ မိဘများနဲ့ အားကစားစိတ်ဓာတ်အပြည့်နဲ့ ပါဝင်ခဲ့ကြတဲ့ ကျောင်းသား/သူလေးတွေ အားလုံးကို အထူးကျေးဇူးတင်ရှိစွာဖြင့် ပုံရိပ်လေးများကို ဖော်ပြ မျှ၀ေပေးလိုက်ပါတယ် ခင်ဗျာ…..

အနှစ်သာရပြည့်၀သည့် နိုင်ငံတကာပညာရေးကို အစဥ်တစိုက် ဖော်ဆောင်ပေးနေသည့် IWAS တွင် သင့်ကလေးများကို ပြုစုပျိုးထောင်နိုင်ပါပြီ….

ဆက်သွယ်ရန်……

Phone: 09-761230590

Address: 102A, Between 66th *67th Street, Mandalay