Pushing Boundaries for Quality Education

We are thrilled to announce that our Senior Leadership Team recently represented Inspire World American School (IWAS) at the IB Southeast Asian Summit 2024 held in Jakarta, Indonesia! We were honored to be the only school from Myanmar attending this prestigious event, demonstrating our commitment to providing a world-class education for our students. The summit […]

Exciting News at IWAS

We’re thrilled to announce that Inspire World American School (IWAS) is now an IB Candidate School! This milestone reflects our dedication to excellence through the IB framework integrated with the American Curriculum and Global Standards. Our students will benefit from a holistic, inquiry-driven education that prepares them to thrive as global citizens and lifelong learners. […]

Thadingyut Festival School Activity

သီတင်းကျွတ်အခါသမယတွင် သီတင်းကျွတ်ပွဲတော်၏ အနှစ်သာရများကို ကျောင်းသားများအား သိရှိနားလည်စေပြီး လူကြီးသူမများကို ရိုသေလေးစားခြင်း၊ ကျေးဇူးတရားသိတတ်ခြင်း၊ ချစ်ခင်ရင်းနှီးမှုနှင့် အေးချမ်းမှုများ ပေးစွမ်းနိုင်သော အဖိုးတန် ကျောင်းသား ၊ ကျောင်းသူ လေးများ ဖြစ်လာစေရန် ရည်ရွယ်ပြီး Inspire World American School တွင် သီတင်းကျွတ်မီးထွန်းပွဲတော် Activity လေးကို ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပါတယ်… IWAS ရဲ့ ပျော်ရွှင်ဖွယ် သီတင်းကျွတ် Activity လေးတွင် ကျောင်းသားကျောင်းသူများက ဆရာ၊ဆရာများနှင့် ဝန်ထမ်းများအား ချစ်စဖွယ် မြန်မာ အကအလှလေးများဖြင့် သီဆိုကပြပြီးနောက် စည်ကားသိုက်မြိုက်စွာ ဆီမီးရောင်စုံများ ထွန်းညှိခြင်းဖြင့် ပါဝင်ဆင်နွှဲခဲ့ကြသော ကြည်နူးဖွယ်ပုံရိပ်များကို ဖော်ပြပေးလိုက်ပါတယ်… Contact us Phone: 09-761230590 Address: 102A, Between 66th * […]

First Interschool Chess Tournament

အားကစားစိတ်ဓာတ်၊ ယှဉ်ပြိုင်လိုစိတ်၊ စဉ်းစားတွေးခေါ်နိုင်စွမ်းတွေ ပြည့်ဝနေတဲ့ IWAS ရဲ့ စစ်တုရင်၀ါသနာရှင်လေးများနှင့် မိတ်ဆက်ပေးပါရစေ။ ပထမဆုံး အကြိမ် ကျင်းပတဲ့ ကျောင်းတွင်းစစ်တုရင်ပြိုင်ပွဲမှာ Inspire World American School ရဲ့ ပါရမီရှင် ကျောင်းသား/သူများသည် စိတ်လှုပ်ရှားစရာကောင်းတဲ့ အတွေ့အကြုံတွေ ရရှိခဲ့ကြပြီး ပျော်ရွှင်စရာ အချိန်တွေကိုလည်း ဖြတ်သန်းခဲ့ကြပါတယ်။ ဒီပြိုင်ပွဲကနေ ကျောင်းသူကျောင်းသားတွေဟာဆိုရင်… ● ၀ေဖန်ပိုင်းခြား တွေးခေါ်နိုင်စွမ်း ● နည်းဗျူဟာချမှတ်နိုင်စွမ်း ● ပြဿနာဖြေရှင်းနိုင်စွမ်း ● စိတ်ရှည် သည်းခံနိုင်စွမ်း ● ဆုံးဖြတ်ချက်ချနိုင်စွမ်း စတဲ့ အရည်အသွေးတွေကို မြှင့်တင်ပေးနိုင်တဲ့အခွင့်အရေးတွေရရှိခဲ့ကြပါတယ်။ ပြိုင်ပွဲမှာ ပါဝင်ခဲ့ကြသည့် ကျောင်းသား/သူအားလုံးရဲ့ စိတ်အားထက်သန်မှုနဲ့ အားကစားစိတ်ဓာတ်ကို မြင်တွေ့ခဲ့ရသည့်အတွက် ဂုဏ်ယူရတဲ့ အခိုက်အတန့် တစ်ခုဖြစ်ခဲ့ရပါတယ် ။ ကျောင်းသူကျောင်းသားများ၏ အောင်မြင်မှုပန်းတိုင်အသီးသီးကို ပုံဖော်ဖန်တီးနိုင်ဖို့ […]

Celebrating Teacher Development Day

ကျောင်းသားများအတွက် ပိုမိုကောင်းမွန်တဲ့ ပညာရေးကို ဖန်တီးပေးမယ့် ဆရာ၊ဆရာမများအတွက် ပရော်ဖက်ရှင်နယ် ဖွံ့ဖြိုးတိုးတက်ရေးနေ့ အောင်မြင်စွာ ကျင်းပပြီးစီး! ကျွန်တော် တို့ရဲ့ ဆရာ၊ ဆရာမတွေဟာ တက်ကြွပြီး ထိုးထွင်းသိမြင်မှုရှိတဲ့ ပရော်ဖက်ရှင်နယ် ဖွံ့ဖြိုးတိုးတက်ရေးနေ့အတွက် စုဝေးသင်ယူခဲ့ကြပါတယ်! ဒီ PD အစည်းအဝေးတွေဟာ ဆရာ၊ ဆရာမတွေအတွက် မရှိမဖြစ်လိုအပ်ပါတယ်။ သင်ကြားရေးစွမ်းရည်တွေ မြှင့်တင်ဖို့၊ နည်းဗျူဟာအသစ်တွေကို လေ့လာဖို့နဲ့ နောက်ဆုံးပေါ် ပညာရေးဆိုင်ရာ အလေ့အကျင့်တွေနဲ့ သုတေသနတွေကို နောက်ဆုံးပေါ်ရှိနေစေဖို့ အခွင့်အရေးတွေ ပေးပါတယ်။ ဒါက နောက်ဆုံးမှာ ပိုမိုကောင်းမွန်တဲ့ သင်ကြားမှုနဲ့ ပိုမိုကြွယ်ဝတဲ့ သင်ယူမှုပတ်ဝန်းကျင်ကတစ်ဆင့် ကျောင်းသားတွေကို အကျိုးပြုဖို့ ရည်ရွယ်ပါတယ်။ တစ်နေ့လုံး ဆရာ၊ ဆရာမတွေနဲ့ သူတို့ရဲ့ ဖန်တီးမှုဆိုင်ရာ ချဉ်းကပ်မှုအသစ်တွေကို လေ့လာအားစိုက်ထုတ်မှုတွေကို မြင်တွေ့ခဲ့ရပြီး ဒီလို PD များကို […]

Introducing The Hungry Caterpillar

Inspire World American School မှာ အသစ်စက်စက် “The Hungry Caterpillar” ဆိုတဲ့ ဥယျာဥ်လေးကို ဖွင့်လိုက်ပါပြီ။ ကျောင်းသားလေးတွေ သဘာဝနဲ့ ထိတွေ့ဆက်ဆံပြီး စူးစမ်းလေ့လာစိတ်ကို ပျိုးထောင်နိုင်မယ့် ဒီ စာသင်ခန်းပြင်ပ သင်ယူမှု နေရာလေးကို မိတ်ဆက်ပေးရတာ အရမ်းကို စိတ်လှုပ်ရှားရပါတယ်။ 🌱 “The Hungry Caterpillar” ဥယျာဥ်လေးကနေ ဘယ်လို အကျိုးကျေးဇူးတွေရလာမလဲ? 🌱သင်ယူမှုကို မြှင့်တင်ပေးမယ် – ဒီဥယျာဥ်ကျောင်းခန်းလေးမှာ အပင်လေးတွေ၊ ဂေဟစနစ်နဲ့ ရေရှည်တည်တံ့မှုအကြောင်း လက်တွေ့ကျကျ သင်ယူနိုင်မှာပါ။ ဥယျာဉ်စိုက်ပျိုးရေးလုပ်ငန်းတွေကနေ ဇီဝဗေဒ၊ သိပ္ပံနဲ့ သင်္ချာဘာသာရပ်တွေကိုပါ ပျော်စရာကောင်းကောင်း သင်ယူနိုင်မှာပါ။ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အလေ့အထတွေ မြှင့်တင်ပေးမယ် – ဥယျာဉ်စိုက်ပျိုးရေးလုပ်တာက ကျောင်းသားလေးတွေကို ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာတွေ […]

World Literacy Day

IWAS မှာ စက်တင်ဘာလ ၆ ရက်နေ့က ကျင်းပခဲ့တဲ့ ကမ္ဘာ့စာတတ်မြောက်ရေးနေ့ အစီအစဉ်လေး အောင်မြင်စွာ ပြီးဆုံးသွားပါပြီ။ ဒီနှစ် ကမ္ဘာ့စာတတ်မြောက်ရေးနေ့ရဲ့ အဓိက ဆောင်ပုဒ်က “promoting multilingual education: literacy for mutual understanding and peace” ဖြစ်ပါတယ်။ ငြိမ်းချမ်းပြီး အပြန်အလှန် နားလည်မှုရှိတဲ့ ကမ္ဘာကြီး တည်ဆောက်ဖို့ ဘာသာစကားမျိုးစုံ သင်ကြားမှုဟာ အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်။ ကျောင်းသား/သူလေးတွေ၊ ဆရာ/ဆရာမတွေနဲ့ ဝန်ထမ်းတွေ အားလုံးက ကိုယ်နှစ်သက်တဲ့ စာအုပ်ထဲက ဇာတ်ကောင်တွေလို ဝတ်စားဆင်ယင်လာကြပြီး စာဖတ်ဝါသနာကို အတူတကွ မျှဝေခဲ့ကြပါတယ်။ ဒီအစီအစဉ်လေးက စာဖတ်ခြင်းရဲ့ အရေးပါမှုကို ပိုမိုသိရှိလာစေဖို့၊ စာအုပ်တွေကို ချစ်မြတ်နိုးတတ်လာစေဖို့နဲ့ ဘာသာစကားမျိုးစုံ သင်ယူခြင်းရဲ့ အကျိုးကျေးဇူးတွေကို နားလည်လာစေဖို့ […]

National Beach Day at IWAS

ပြီးခဲ့တဲ့ သြဂုတ်လ ၃၀ ရက်နေ့က ကျွန်တော်တို့ ကျောင်းမှာ အမှတ်တရ ဖြစ်စရာ National Beach Day ကို ကျင်းပခဲ့ပါတယ်။ ကျောင်းသူကျောင်းသားလေးတွေ ပင်လယ်ပြင်ရဲ့ အလှအပတွေအကြောင်း၊ထိုအလှအပတရားများအား မပျောက်ပျက်စေရန် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးရဲ့ အရေးပါမှုကို သင်ယူခဲ့ကြတဲ့ ပျော်စရာ နေ့လေးပါ။ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းမှု နှင့်ဆိုင်သော ကိစ္စရပ်များ သင်ယူရင်း ပျော်စရာကောင်းတဲ့ သင်ကြားရေးဆိုင်ရာ လှုပ်ရှားမှုတွေ၊ အန္တရာယ်ကင်းစွာ စနစ်တကျလမ်းညွှန်သင်ကြားထားပေးသည့် ရေကစားနည်းတွေနဲ့ ပြည့်နှက်ခဲ့တဲ့ ဒီနေ့လေးဟာ ကလေးတွေရဲ့ မျက်နှာမှာ အပြုံးတွေ ဖြစ်စေခဲ့ပါတယ်။ ဒီအမှတ်တရ ပုံရိပ်လေးတွေကတစ်ဆင့် ကလေးတွေရဲ့ ပျော်ရွှင်မှုတွေကို ပြန်လည်ခံစားကြည့်ရင်း သဘာဝပတ်ဝန်းကျင်ကို ကာကွယ်စောင့်ရှောက်ဖို့ အမြဲ သတိရကြပါစို့။ ကိုယ်၊စိတ်၊နှလုံး ညီညွတ်မျှတစွာ ပညာသင်ကြားနိုင်မယ့် အခွင့်အရေးကို အမြဲဖော်ဆောင်ပေးနေတဲ့ IWAS [English […]

Mini Olympics 2024 Recap!

On August 9th, students from all grades came together for a day of fun, sportsmanship, and unforgettable memories at our annual Mini Olympics! Whether it was racing to the finish line, showing off their team spirit, or simply cheering on their classmates, everyone gave it their all! . A huge shoutout to our dedicated teachers […]

IWAS Mini Olympic Day

ကျွန်တော်တို့ Inspire World American School ရဲ့ Mini Olympic Day လေးကို Theme Day ဖြစ်သည့် ပြီးခဲ့သော သောကြာနေ့လေးမှာ Weekly Activity အနေနဲ့ အိုလံပစ် နည်းစနစ် များအတိုင်း ကျောင်းသူကျောင်သားလေးများ အတူတကွ ပျော်ရွှင်စွာ ပါ၀င်နွှဲပျော်ခဲ့ ကြပါတယ် ကျောင်းမှ သတ်မှတ်ပေးထားသောစည်းကမ်းနှင့် ညီတဲ့ အားကစား ၀တ်စုံလေးတွေ ၀တ်ဆင်ပြီး ပြိုင်ပွဲတွေ တက်ကြွစွာ ယှဥ်ပြိုင်ခဲ့ ကြပါတယ်။ ကျောင်းအားကစားကွင်းလည်း အသင်းအဖွဲ့ စိတ်ဓာတ်အပြည့်နဲ့ ယှဥ်ပြိုင်နေကြတဲ့ ကျောင်းသူကျောင်းသားလေးများကို အားပေးဂုဏ်ပြုကြတဲ့ အသံတွေနဲ့ လှုပ်ရှားသက်၀င်သွားတဲ့နေ့လေးတစ်နေ့ ဖြစ်ခဲ့ပါတယ် ဒီပွဲလေးဟာ ကလေးတွေကို ကမ္ဘာကျော် အိုလံပစ်ပြိုင်ပွဲကြီးရဲ့ အားကစားစိတ်ဓာတ်၊ ယှဉ်ပြိုင်မှု၊ ချစ်ကြည်ရင်းနှီးမှုတွေနဲ့ ပိုမို ရင်းနှီးလာစေဖို့ ရည်ရွယ်ပြီး […]